ဝမ်းမြောကဖွယ်ရာ မင်္ဂလာစကားနှင့် ကျေးဇူးတင်လွှာ
မင်္ဂလာအပါင်းနှင့် ပြည့်စုံကြပါစေ -
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် က ဦးစီးပြီး တိုင်းရင်းသားပေါင်းစုံ အဖွဲ့ပေါင်းစုံ အပါအ၀င် နယူးယောက်မြို့ အနီးဝန်းကျင်ရှိ လူကြီးလူငယ်များ ပါဝင်ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် နိဗ္ဗာန်ဈေးနှင့် မြန်မာနိုင်ငံ HIV/AIDS ဝေဒနာရှင်များအတွက် ရန်ပုံငွေပွဲတော်ကြီးကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။ ဤပွဲ ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီပေးကြသော ပုဂ္ဂိုလ်အပေါင်းအား ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။
ရှေးဦးစွာ ဤပွဲဖြစ်မြောက် အကောင်အထည်ပေါ်လာရန် အကြံကောင်းအမျိုးမျိုးပေးခြင်း၊ လုပ်အား၊ လူအား အမျိုးမျိုးနှင့်တကွ နေ့ညမနား ကြိုးစားခဲ့သော ကိုယဉ်ထွေးဆွေ၊ ကိုအားပါ၊ ကိုပြည့်ဖြိုးခိုင်၊ မဂျူးဂျူး တို့ ဦးစီးသည့် အမျိုးသား အမျိုးသမီး ဝေယျာဝေစ္စ အဖွဲ့အားလည်းကောင်း၊
အမျိုးသမီးဝေယျာဝေစ္စအဖွဲ့များကို ဦးစီးခြင်း၊ ဤပွဲအတွက် အကြံကောင်းဉာဏ်ကောင်းများပေးခြင်း၊ အဖွဲ့အစည်းများကို စည်းရုံးပေးခြင်း၊ အလှူခံဌာနတွင် ထိုင်၍ ငွေစာရင်းများပြုစုပေးခြင်း စသည်များ ဆောင်ရွက်ပေးခဲ့သည့် မရွှေဝါ၀င်းရည်နှင့် အလှူခံဌာနတွင် ဆောင်ရွက်ပေးသည့် မခင်စန္ဒီတင့်၊ မ၀ါဝါ စသောအမျိုးသမီးများအားလည်းကောင်း၊
နိဗ္ဗာန်ဈေး နေရာကို ရရှိနိုင်ရေး ဆောင်ရွက်ပေးသော ကိုမိုးချမ်း၊ နိဗ္ဗာန်ဈေး ဖြစ်မြောက်ရေးကော်မတီအဖွဲ့ကြီး ၀တ်ဆင်နိုင်ရန် T-Shirt များကို အမြန်ချုပ်လုပ်လှူဒါန်းခဲ့ကြသော အလှူရှင် ကိုငယ် မဖြူတို့နှင့် ဒီဇိုင်းပညာရှင် မနန်းနေခြည်ဦး၊ နိဗ္ဗာန်ဈေးကျင်းပရာနေရာကို အလှဆင်မွမ်းမံပေးခဲ့သည့် ပြည်သူဂုဏ်ရည် အဖွဲ့သားများ အားလည်းကောင်း၊ ကြွရောက်အားပေးချီးမြှောက်တော်မူကြသည့် သံဃာတော် ကိုးပါးတို့နှင့်တကွ တစ်ထောင်ကျော်သည့် ပရိသတ်များ အလောက် အငှ စားသုံးနိုင်ရန် စေတနာထက်သန်စွာ အချိန်များ အရင်းအနီးငွေများ စိုက်ထုတ်၍ အစားအစာ အမျိုးမျိုးကို လှူဒါန်းခဲ့ကြသည့် အလှူရှင် ၅၀ ကျော်တို့အားလည်းကောင်း၊ အထူးသဖြင့် လူဦးရေ ငါးရာကျော် စားသုံးနိုင်လောက်အောင် အုန်းနို့ခေါက်ဆွဲ လှူဒါန်းခဲ့သည့် Buffalo မြို့မှ Asian Market ပိုင်ရှင်နှင့် ထိုအလှူရှင်များအား တိုက်တွန်းနှိုးဆော်ပေးသည့် ကိုယဉ်ထွေးဆွေ နှင့် မသက်မာဝင်းတာတို့အားလည်းကောင်း၊
ဧည့်ခံဖျော်ဖြေရေးတွင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ကိုဖြိုးဇော်မင်း (Zaw Photo NYC)၊ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးခဲ့သည့် မချောအိသိမ်း၊ DJ ဆောင်ရွှက်ပေးခဲ့သည့် DJ ၀င်းအေး၊ ဆီမီးခွက် အကဖြင့် ဧည့်ခံဖျော်ဖြေ ပေးသည့် မရွှေစင်၊ မြန်မာ့တေးဂီတ အကများဖြင့် ဖျော်ဖြေတင်ဆက်ပေးသည့် ကိုဇော်ဌေး၊ မြန်မာ့အကဖြင့် ကပြပေးခဲ့သည့် မမေစန္ဒာစိုးညွန့်၊ မြန်မာမှုတေးများဖြင့် ဧည့်ခံပေးသည့် ကိုညီညီ (ရှမ်းပြည်) တို့အားလည်းကောင်း၊
ရပ်နီးရပ်ဝေးမှ ပရိသတ်များ သိရှိစေရန် ဤပွဲသတင်းကို ဖော်ပြပေးသည့် သတင်းမီဒီယာ အသီးသီးတို့အား လည်းကောင်း
ထို့အပြင်ဤပွဲသို့ ကြွရောက်ချီးမြှောက် အားပေးတော်မူခဲ့ကြသည့် သံဃာတော် အရှင်သူမြတ်များ၊ ရပ်နီးရပ်ဝေးမှ ကြွရောက်ချီးမြှောက် အားပေးခဲ့ကြသည့် ဧည့်သည်တော်များ၊ အလွန်ဝေးကွာလှသည့် Texas ပြည်နှယ်မှ ကိုယ်တိုင်လာရောက် ချီးမြှောက် အားပေးခဲ့သည့် Burmese Classic ၀က်ဘ်ဆိုက်ပိုင်ရှင် ကိုမျိုးအောင်၊ ပြည်နယ်အသီးသီးရှိ အဖွဲ့အစည်းပေါင်းစုံမှ အဖွဲ့ဝင်များ၊ အထူးသဖြင့် ရပ်ဝေးမှ တည်းခိုစရိတ်၊ သွားစရိတ် လာစရိတ်များ အကုန်အကျခံကာ ဤပွဲတော်သို့ လာရောက်ချီးမြှောက်တော်မူကြသည့် ဧည့်သည်တော် အပေါင်းအား အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အလှူရှင်များနှင့်တကွ ဤပွဲကို အားပေးချီးမြှောက်ကြသူများ အားလုံး ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ကြစေရနှ် ဤပွဲတော်မှ မြန်မာနိုင်ငံ HIV/AIDS ဝေဒနာရှင် ညီအစ်ကို မောင်နှမများအတွက် အလှူငွေ ဒေါ်လာ တစ်သောင်းရရှိကြောင်း ဖော်ပြသည့် ရငွေ/သုံးငွေ စာရင်းများကို ပူးတွဲဖော်ပြလိုက်ပါသည်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ မိမိတို့လိုရာ ဆန္ဒများ ပြည့်ဝကြပါစေ။
ဣဒံ နော ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု!
တာဝန်ခံဆရာတော်
သာသနာ့ဥသျှွှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်
နယူးယောက်